get the best and HD latest movies here

Thursday, 10 October 2019

SCOOBY DOO RETURN TO ZOMBIE ISLAND 2019

SCOOBY DOO RETURN TO ZOMBIE ISLAND 2019





ABOUT THIS MOVIE

.ခွေးလေးစကူဘီဒူးရဲ့စွန့်စားခန်းတွေ ပြန်ရောက်လာပါပြီ

အရင်ဇာတ်လမ်းတွေကို ပြန်နွေးရမယ်ဆိုရင်

သူတို့ရဲ့ ဆန်းကြယ်ကိစ္စလေးတွေကို လိုက်ဖြေရှင်းနေရာမှာ

ထိခိုက်အန္တရာယ်ရမှာကို စိုးရိမ်တဲ့အတွက် ရဲမှူးကြီးက

နောက်ထပ်မလုပ်တော့ဖို့ ဘယ် ဆန်းကြယ်ကိစ္စကိုမှ

မပါဝင် မပတ်သက်တော့ဖို့ ကတိတောင်းသွားခဲ့ပါတယ်

ဖရက်ဒီ၊ ဒက်ဖနီနဲ့ ဗယ်လ်မာတို့ကတော့ အလွန်စိတ်ဆင်းရဲပေမယ့်

အတိုင်းထက်အလွန်ပျော်နေတာကတော့ ရှက်ဂီနဲ့ စကူဘီဒူးပါပဲ..

သူတို့ကအရမ်းကြောက်တတ်တာကိုး အဲဒီလိုနဲ့တစ်ရက်မှာတော့

ရှက်ဂီက စရိတ်ငြိမ်းအပန်းဖြေခရီးထွက်ခွင့်ကို သူကြည့်နေကြ

တီဗီရှိုးကနေ မဲပေါက်သွားပါတော့တယ်

နောက်နောင်ဘယ်ဆန်းကြယ်ကိစ္စကိုမှ ဝင်မပါတော့ပါဘူးလို့

သူ့သူငယ်ချင်းသုံးယောက်ကို ကတိတောင်းပြီးနောက်မှာပေါ့လေ

ရှက်ဂီနဲ့စကူဘီက အရမ်းတွေတက်ကြွပြီး ချီတက်သွားပေမယ့်

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို သူတို့ကျွန်းပေါ်ခြေချလိုက်တာနဲ

့ ကျွန်းသူကျွန်းသား စုံတွဲက ထွက်သွားခိုင်းပါတော့တယ်

သူတို့အဆိုအရ ကျွန်းပေါ်မှာ ဇွန်ဘီတွေအပြည့်ပါတဲ့

နောက်နေတယ်ပဲထင်ကြတဲ့တစ်ဖွဲ့လုံးဟာ ဘာကိုမှဂရုမစိုက်ဘဲ

ဟိုတယ်ဆီချီတက်သွားပါတော့တယ် ဟိုတယ်ဆီရောက်တဲ့အခါ

သူတို့အရင်ကရောက်ဖူးတဲ့ မွန်းစကားကျွန်းက အိမ်ကြီးနဲ့

တစ်ပုံစံတည်းတူနေတာကို တွေ့ရပေမယ့် ဆန်းကြယ်ကိစ္စဆို

ဘာဆိုဘာမှ မတွေ့ဘူးလို့ ဘူးခံငြင်းချင်သူ သုံးယောက်သားကတော့

အတင်းကြီးကို ဒါကသာမန်ကိစ္စတွေပဲလို့သာ ငြင်းနေပါတော့တယ်

သူတို့ထင်တဲ့အတိုင်း ဆန်းကြယ်မှုတွေ ဘာမှမရှိဘူးလား

ဟိုတယ်မှာသူတို့ကိုဘာတွေစောင့်ကြိုနေမှာလဲ

ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကို ဒီကာတွန်းကားလေးမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

စကူဘီဒူးကားတွေထုံးစံအတိုင်း လျို့ဝှက်သည်းဖိုဆန်ဆန်ကို

တွေးစရာလေး ရယ်စရာလေးတွေ နှောပြီး ကြည့်ရှုကြရမှာပါ


No comments:

Post a Comment