get the best and HD latest movies here

Thursday, 10 October 2019

TOY STORY 4 2019

TOY STORY 4 2019 DOWNLOAD





About the Movie


ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ

ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။

ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး

ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်

ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။

ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ

မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ

နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။

အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်

ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။

ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။

သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ

အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်

အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။

ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို

ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။

ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ

ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ

ပေးပစ်လိုက်တာကနေ စတင်ပါတယ်။

ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်

သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့

အရုပ်လေးတွေ ရှိတတ်ပါတယ်။

အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်

ဝုဒီလည်း ပါနေတာပေါ့။

ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့

သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို

ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။

ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ

အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။

ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့

ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ

ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့

အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်….

တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ

မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့

ကလေးတွေရဲ့ သံယောဇဉ်တွေကို

လှလှပပ ပုံဖော်ထားတာပဲမို့

ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။




No comments:

Post a Comment