get the best and HD latest movies here

Saturday, 25 April 2020

KALASHNIKOV ( AK-47 )

KALASHNIKOV ( AK -47 ) MM SUB


 Description


ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်

အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။

အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို

လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။

ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။

ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။

ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။

အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ

ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။

ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့်

လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။

ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ

သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။

အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။

ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။

File Size :  (450 MB)


#LILOCCY
#MOVIESFORYOU

No comments:

Post a Comment